PDFထဲ၀င်ရောက်ဖြစ်တဲ့အကြောင်းအရင်းကို ရေးသားလာတဲ့ CDMကျောင်းဆရာမလေး

PDFထဲ၀င်ရောက်ဖြစ်တဲ့အကြောင်းအရင်းကို ရေးသားလာတဲ့ CDMကျောင်းဆရာမလေး

ကိုယ်က PDF Kalay တပ်ရင်း 2 က တပ်သားတစ်ယောက်ပါ
အရင်ကတော့ ကျောင်းဆရာမတစ်ယောက်ပေါ့

Febလကတည်းက CDMလှုပ်ရှားမှုမှာပါဝင်ပြီး
စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တယ်
CDM လုပ်ထားတော့ မိဘတွေက အဖမ်းခံရမှာစိတ်ပူကြတယ် အဲလိုနဲ့ Aprilလ ရောက်တော့

ပညာရေးရုံးက Non CDM လုပ်ရင် လစာပြန်ပေးမယ်
ဝန်ခံကတိနဲ့ လက်မှတ်လာထိုးပါပေါ့ ပြန်ခေါ်တယ်
အိမ်ကလူတွေကလည်း လက်မှတ်သွားထိုးဖို့
နေ့တိုင်းညတိုင်း မဲဆွယ်ကြတာ

အဲဒါနဲ့ ကိုယ်လည်းလက်မှတ်သွားထိုးမယ်လို့ပြောပြီး အိမ်ကနေ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့
ဆင်းလာခဲ့လိုက်တယ် အိမ်ကလူတွေကိုလည်း
အကုန်လုံးအဆက်အသွယ်ဖြတ်ပစ်ခဲ့တာ

အဲလိုပဲ အလေအလွင့်ဘဝနဲ့ နေလာရင်း
စစ်သင်တန်းသွားရဖို့ အမြဲစုံစမ်းနေခဲ့တာ
June လရောက်တော့ သူငယ်ချင်းရဲ့အဆက်အသွယ်နဲ့ CNF_CNA မှာ သင်တန်းသွားတက်ခဲ့တယ်

ကိုယ်တို့ အပတ်စဉ်က 2လ တက်ရတဲ့
အခြေခံစစ်သင်တန်းပေါ့ ဒီဘက်နယ်မှာတော့
2လ အခြေခံသင်တန်းဆင်းတာ ကိုယ်တို့က
ပထမဆုံးပေါ့ August လမှာ သင်တန်းဆင်းပြီး

PDF Kalay တပ်ရင်း 2 မှာ တပ်သားအဖြစ်ဝင်ကြတယ် ကိုယ်တွေက တပ်စုတစ်စုအနေနဲ့ပေါ့
ကိုယ်တို့တပ်စုက သင်တန်းသာဆင်းထားရတာ
ဘယ်ကမှ အထောက်အပံ့မရှိလို့ လက်နက်လည်း

မဝယ်နိုင်ဘူး တိုက်ပွဲတွေဖြစ်ရင်လည်း
လက်နက်မရှိတော့ ဝင်မကူနိုင်ဘူး
တိုက်ပွဲဖြစ်တာနဲ့ တစ်ဖွဲ့လုံးပုန်းရတဲ့အနေအထားမှာပဲ ဖြစ်နေတယ်
‘ငါတို့လည်း ပြန်ခံတိုက်ချင်တယ် မပုန်းချင်တော့ဘူး’ ဒီစကားကိုပဲ ခနခနပြောနေရတယ်

ဒါကြောင့် မိဘပြည်သူများအနေနဲ့ ကိုယ်တတ်နိုင်သလောက်လေး လှူပေးကြစေချင်ပါတယ်
ဒီအဖွဲ့ကိုရော ဒီလူကိုရော ယုံလို့ရပါတယ်
တော်လှန်ရေးအတွက်လှူတဲ့ငွေကို

တော်လှန်ရေးအတွက်ပဲဖြစ်စေရပါမယ်
ပြည်သူတွေအတွက် အလုပ်ကိုရော အသက်ကိုရော
ပေးအပ်ထားပါတယ်ဗျာ…

ကျေးဇူးပြုပြီး 50_100က အစ လှူပေးကြပါအုန်းလို့
မေတ္တာရပ်ခံပါတယ်🙏
မရှင်းတာတို့ မေးချင်တာတို့ရှိရင်လည်း
Cbမှာ လာမေးလို့ရပါတယ်ဗျာ…❣️
ဆရာမလေးရဲ့မူရင်းacc linkကို ပြန်လည်မျှဝေပေးထားပါတယ်👇👇
https://www.facebook.com/khine.t.phway

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*