CRPH၊ NUG နဲ့ PDF တွေကို သိလားလို့မေးမြန်းမှု အမေစုကိုယ်တိုင် ထွက်ဆိုပြီ

CRPH၊ NUG နဲ့ PDF တွေကို သိလားလို့မေးမြန်းမှု အမေစုကိုယ်တိုင် ထွက်ဆိုပြီ

ပုဒ်မ ၅၀၅(ခ) အမှုအတွက် ဒေါ်ဆောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေထွက်ဆို

စစ်အာဏာသိမ်းမှုစတင်တဲ့ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အပေါ် စွပ်စွဲထားတဲ့အမှုတွေထဲက ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)အမှုအတွက် ဒီနေ့ အောက်တိုဘာလ ၂၆ ရက်မှာ နေပြည်တော်အထူးတရားရုံးမှာ သူကိုယ်တိုင် သက်သေထွက်ဆိုခဲ့ပါတယ်။

ဒီကနေ့ နေပြည်တော်အထူးတရားရုံးမှာ ပြုလုပ်ခဲ့တဲ့ တရားခွင်မှာ နှစ်ဖက်ရှေ့နေတွေရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

’’ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီထုတ်ပြန်စာကိစ္စကိုသူမသိဘူးပဲငြင်းဆိုမှာပဲ။ ငြင်းဆိုတယ် လည်းကြားရတာရှိတယ်။ ဘာကြောင့်လဲဆိုရင် စဉ်းစားကြည့်ရင်လည်းရှင်းပါတယ်။ ဖေဖော်ဝါရီ ၁ရက်က ထိန်းသိမ်းခံရတဲ့သူတွေက ၇ ရက် နဲ့ ၁၃ ရက်ကမှာ ထုတ်ပြန်တဲ့စာတွေကိုဘယ်လိုသိနိုင်မလဲ။

အဲဒီတော့သူငြင်းဆိုခဲ့တဲ့သဘောပေါ့ ’’ လို့ တရားရုံးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ဒီနေ့ရုံးချိန်းပေါ် သုံးသပ်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက် နဲ့ ၁၃ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ကထုတ်ပြန်တဲ့ ကြေညာချက်နှစ်စောင်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန်ဒေါက်တာမျိုးအောင်တို့အပေါ် ဒီပုဒ်မ ၅၀၅ (ခ) နဲ့ စွဲဆိုထားတဲ့အမှုလည်းဖြစ်ပါတယ်။

တရားလိုရှေ့နေဘက်က ဒေါ်အောင်ဆန်းစုကြည်ကို CRPH၊ NUG နဲ့ PDF အဖွဲ့တွေကို သိလားလို့မေးမြန်းခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကသူ့အနေနဲ့ မသိရှိကြောင်းပြောဆိုခဲ့တယ်လို့ ကြားသိရကြောင်းလည်းရှေ့နေအသိုင်းအဝိုင်းကပြောပါတယ်။

ဒီအမှုအတွက် သီးခြားလိုပြသက်သေမတင်တော့ဘဲ စွပ်စွဲခံရသူ ၃ ဦးစလုံးက ကိုယ်တိုင်သက်သေထွက်ဆိုကြတာဖြစ်ပြီး ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည် သက်သေထွက်ဆိုခဲ့တာပါ။ အရင်တစ်ခေါက် ရုံးချိန်းတုန်းကတော့ သမ္မတဦးဝင်းမြင့်ကကိုယ်တိုင် သက်သေထွက်ဆိုခဲ့ပြီး စစ်အာဏာသိမ်းမှုဖြစ်တဲ့ ဖေဖော်ဝါရီလ ၁ ရက်မနက်ခင်းကြုံရတဲ့ဖြစ်ရပ်ကို ရုံးတော်မှာ ထွက်ဆိုခဲ့တာကို သူ့ရဲ့ရှေ့နေတွေကနေ တဆင့်သိရှိခဲ့ရတယ်။

ဒီအချိန်မှာတော့ အမှုအတွက် လိုက်ပါဆောင်ရွက်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ၅ ဦး ဟာ ပုဒ်မ ၁၄၄ အထုတ်ခံရပြီး အမှုကိစ္စကို ပြင်ပအဖွဲ့အစည်းတွေ၊ မီဒီယာတွေကို မပြောဆိုဖို့ တားမြစ်ခံ ထားရပါတယ်။

ဒါ့ကြောင့် ဒီနေ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အမှုနဲ့ပတ်သက်ပြီး ဘာတွေ ထွက်ဆိုခဲ့တယ်ဆိုတာကိုရှေ့နေတွေက ဖြေဆိုတာမရှိခဲ့သလိုရတရားရုံးဘက်က
ထုတ်ပြန်ဖြေဆိုတာလည်း မရှိခဲ့ပါဘူး။

ဘီဘီစီမြန်မာပိုင်း

———————

စစ္အာဏာသိမ္းမႈစတင္တဲ့ေဖေဖာ္ဝါရီ (၁) ရက္ေန႔ကတည္းက ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ သူ႔အေပၚ စြပ္စြဲထားတဲ့အမႈေတြထဲက ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ)အမႈအတြက္ ဒီေန႔ ေအာက္တိုဘာလ ၂၆ ရက္မွာ ေနျပည္ေတာ္အထူးတရား႐ုံးမွာ သူကိုယ္တိုင္ သက္ေသထြက္ဆိုခဲ့ပါတယ္။

ဒီကေန႔ ေနျပည္ေတာ္အထူးတရား႐ုံးမွာ ျပဳလုပ္ခဲ့တဲ့ တရားခြင္မွာ ႏွစ္ဖက္ေရွ႕ေနေတြရဲ႕ ေမးျမန္းခ်က္ကို ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ထြက္ဆိုခဲ့တာျဖစ္ပါတယ္။

’’ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ဒီထုတ္ျပန္စာကိစၥကိုသူမသိဘူးပဲျငင္းဆိုမွာပဲ။ ျငင္းဆိုတယ္ လည္းၾကားရတာရွိတယ္။ ဘာေၾကာင့္လဲဆိုရင္ စဥ္းစားၾကည့္ရင္လည္းရွင္းပါတယ္။ ေဖေဖာ္ဝါရီ ၁ရက္က ထိန္းသိမ္းခံရတဲ့သူေတြက ၇ ရက္ နဲ႔ ၁၃ ရက္ကမွာ ထုတ္ျပန္တဲ့စာေတြကိုဘယ္လိုသိႏိုင္မလဲ။

အဲဒီေတာ့သူျငင္းဆိုခဲ့တဲ့သေဘာေပါ့ ’’ လို႔ တရား႐ုံးနဲ႔နီးစပ္တဲ့သတင္းရင္းျမစ္တစ္ဦးက ဒီေန႔႐ုံးခ်ိန္းေပၚ သုံးသပ္ပါတယ္။

ေဖေဖာ္ဝါရီ ၇ ရက္ နဲ႔ ၁၃ ရက္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ႕ ဗဟိုအလုပ္အမႈ ေဆာင္အဖြဲ႕ကထုတ္ျပန္တဲ့ ေၾကညာခ်က္ႏွစ္ေစာင္နဲ႔ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္နဲ႔ ေနျပည္ေတာ္ၿမိဳ႕ေတာ္ဝန္ေဒါက္တာမ်ိဳးေအာင္တို႔အေပၚ ဒီပုဒ္မ ၅၀၅ (ခ) နဲ႔ စြဲဆိုထားတဲ့အမႈလည္းျဖစ္ပါတယ္။

တရားလိုေရွ႕ေနဘက္က ေဒၚေအာင္ဆန္းစုၾကည္ကို CRPH၊ NUG နဲ႔ PDF အဖြဲ႕ေတြကို သိလားလို႔ေမးျမန္းခဲ့သလို ေဒၚေအာင္ဆန္းစုၾကည္ကသူ႔အေနနဲ႔ မသိရွိေၾကာင္းေျပာဆိုခဲ့တယ္လို႔ ၾကားသိရေၾကာင္းလည္းေရွ႕ေနအသိုင္းအဝိုင္းကေျပာပါတယ္။

ဒီအမႈအတြက္ သီးျခားလိုျပသက္ေသမတင္ေတာ့ဘဲ စြပ္စြဲခံရသူ ၃ ဦးစလုံးက ကိုယ္တိုင္သက္ေသထြက္ဆိုၾကတာျဖစ္ၿပီး ဒီေန႔မွာ ေဒၚေအာင္ဆန္းစုၾကည္ သက္ေသထြက္ဆိုခဲ့တာပါ။ အရင္တစ္ေခါက္ ႐ုံးခ်ိန္းတုန္းကေတာ့ သမၼတဦးဝင္းျမင့္ကကိုယ္တိုင္ သက္ေသထြက္ဆိုခဲ့ၿပီး စစ္အာဏာသိမ္းမႈျဖစ္တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္မနက္ခင္းႀကဳံရတဲ့ျဖစ္ရပ္ကို ႐ုံးေတာ္မွာ ထြက္ဆိုခဲ့တာကို သူ႔ရဲ႕ေရွ႕ေနေတြကေန တဆင့္သိရွိခဲ့ရတယ္။

ဒီအခ်ိန္မွာေတာ့ အမႈအတြက္ လိုက္ပါေဆာင္႐ြက္တဲ့ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေရွ႕ေန ၅ ဦး ဟာ ပုဒ္မ ၁၄၄ အထုတ္ခံရၿပီး အမႈကိစၥကို ျပင္ပအဖြဲ႕အစည္းေတြ၊ မီဒီယာေတြကို မေျပာဆိုဖို႔ တားျမစ္ခံ ထားရပါတယ္။

ဒါ့ေၾကာင့္ ဒီေန႔ ႐ုံးခ်ိန္းမွာ ေဒၚေအာင္ဆန္းစုၾကည္က အမႈနဲ႔ပတ္သက္ၿပီး ဘာေတြ ထြက္ဆိုခဲ့တယ္ဆိုတာကိုေရွ႕ေနေတြက ေျဖဆိုတာမရွိခဲ့သလိုရတရား႐ုံးဘက္က
ထုတ္ျပန္ေျဖဆိုတာလည္း မရွိခဲ့ပါဘူး။

ဘီဘီစီျမန္မာပိုင္း

Be the first to comment

Leave a Reply

Your email address will not be published.


*