တပ်မ၆၆ မှ သူရဘွဲ့ရ တပ်ကြပ်ဇွဲမာန် CDM ဝင်ပြီး ပြည်သူ့ဘက်သို့ ကူးပြောင်း

တပ်မ၆၆ မှ သူရဘွဲ့ရ တပ်ကြပ်ဇွဲမာန် CDM ဝင်ပြီး ပြည်သူ့ဘက်သို့ ကူးပြောင်း

အကြမ်းဖက်စစ်ကောင်စီ၊ ခမရ ၅ ၊ တမခ ၆၆ မှ သူရဲဘွဲ့ရ တပ်ကြပ် ဇွဲမာန် သည် CDM ဝင်ပြီး ပြည်သူ့ဘက်သို့ ကူးပြောင်းလာကြောင်း ပြည်သူ့စစ်သားအဖွဲ့က သတင်းထုတ်ပြန်သည်။


စစ်ကောင်စီကို စွန့်ခွါပြီး ပြည်သူ့စစ်သားအဖြစ်ခံယူလိုက်တဲ့ သူရဘွဲ့ရ တပ် ကြပ် ဇွဲမာန် အရည်အချင်းရှိသော ၊ အမြော်အမြင်ရှိသော

တပ်မတော် အရာရှိ စစ်သည်များသည် ပြည်သူ့စစ်သားအဖွဲ့နှင့် ဆက်သွယ်ပြီး စစ်ကောင်စီကို စွန့်ခွာနေကြပြီဖြစ်ကြောင်း၊

ခမရ (၅)အင်းမ၊တမခ (၆၆) သူရဘွဲ့ရ တပ်ကြပ် ဇွဲမာန်က ပြည်သူ့စစ်သားအဖွဲ့နှင့်ဆက်သွယ်ပြီး ပြည်သူ့ဘက်ရပ်တည်လာခဲ့ကြောင်း ပြည်သူ့ စစ်သား အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်ကြပ်ဇွဲမာန်သည် ပြည်သူ့စစ်သားအဖွဲ့ နေရာရွှေ့ပြောင်းရေးဌာနမှ စီစဉ်မှုဖြင့် လုံခြုံရာသို့ ပို့ဆောင်ပေးခဲ့ပြီး နေထိုင်စားသောက်ရေးကိုပါ ကူညီပေးသွားမည် ဖြစ်ကြောင်း၊

ပြည်သူ့စစ်သားခံယူလိုက်သည့်တပ်ကြပ်ဇွဲမာန်သည် လက် ဖြောင့်သေနတ်ပစ် ထူးချွန်ဆုရရှိထားသူလည်းဖြစ်ကြောင်း သိရှိရသည်။

‘သူလိုလူတောင် ရပိုင်ခွင့်တွေ စွန့်လွှတ်ပြီး အမှန်တရားဘက် ရပ်တည်လာနိုင်သေးရင် တပ်ထဲတွင် ကျန်ရှိနေသေးသော ညီတို့ စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးရုန်းထွက်ပြီး


ပြည်သူ့ဘက်သို့ ပူးပေါင်းလက်တွဲကြပါလို့’ ပြည်သူ့စစ်သားအဖွဲ့မှ တိုက်တွန်းထားသည်။

လွန်ခဲ့သည့် စက်တင်ဘာလအထိ ပြည်သူများနှင့်ပူးပေါင်းကာ CDM ပြုလုပ်လိုက်သည့် စစ်သားအရေအတွက်မှာ ၁၅၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။
Source Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*