လမ်းမပေါ်မာမုန့်ဟင်းခါးတေဖြစ်အောင် ပုလဲPDFက မိုင်းခွဲတိုက်ခိုက်လိုက်ပြန်ပြီ(ရုပ်/သံ)

လမ်းမပေါ်မာမုန့်ဟင်းခါးတေဖြစ်အောင် ပုလဲPDFက မိုင်းခွဲတိုက်ခိုက်လိုက်ပြန်ပြီ(ရုပ်/သံ)
အောက်ဆုံးတွင်ရုပ်သံဖိုင်ပါရှိပါသည်

အောက်တိုဘာလ ၁၁ ရက် နံနက် ၉ နာရီ မိနစ် ၄၀ ခန့်တွင် ပုလဲမြို့နယ် နဂါးမတောင်အနောက်ဘက် ဝမ်းပြင်ကျေးရွာအလွန်တွင် ရှေ့ပြေးလမ်းရှင်းအဖွဲ့အဖြစ် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်၍

တက်လာသော စစ်ကောင်စီတပ် ၃၀ ခန့်ကို ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) သိန်းငှက်လေး ဦးဆောင်သည့် တပ်စိတ်(၁)မှ ရဲဘော်၂၀ ဦးနှင့်

မိုးကြိုး၊ ဖိုက်တာကြီး၊ နာဂစ်၊ ကျောင်းဆရာ၊ မုန်တိုင်းအမည်ရှိ ကွန်မန်ဒို ၅ ဦးတို့မှ မိုင်းဆွဲတိုက်ခိုက်ပြီး တူမီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ အားလုံးနီးပါး အတုံးအရုန်း သေဆုံးခဲ့သည်။

နောက်မှကပ်ပါလာသော ယာဉ်တန်းက လက်နက်ကြီး လက်နက်ငယ်များနှင့် ဆက်လက်ပစ်ခတ်သဖြင့်

လက်နက်များ ကောက်ယူခွင့်မရဘဲ ခုခံပစ်ခတ်၍ ဆုတ်ခွာခဲ့ရကြောင်း ပုလဲ PDF တပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပုလဲ PDF တပ်များ ၃ ကြိမ်တိုင် ထိတွေ့မှုဖြစ်ပွားပြီး

စစ်ကောင်စီဘက်မှ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးကြောင်း ပုလဲ PDF က သတင်းထုတ်ပြန်သည်။

ရုပ်သံကြည့်ရန်👇👇


Source Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*